ရန်ကုန်မြို့ထဲကို လှည့်လည်ကြည့်ရှုသူတစ်ယောက်ဟာ ကိုလိုနီခေတ်သမိုင်းဝင် အဆောက်အဦးတွေကို ရှောင်လွှဲမရအောင် မြင်ရမှာဖြစ်ပါတယ်။ တကယ်တော့ ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှမှာ ကိုလိုနီခေတ်ဗိသုကာ အများဆုံးကျန်ရှိနေတဲ့ မြို့တစ်မြို့ဖြစ်ပြီး လက်ရာအများစုဟာလည်း ကောင်းမွန်တဲ့အခြေအနေမှာ တည်ရှိနေပါသေးတယ်။ ဗြိတိသျှအင်ပါယာအတွင်းက မြို့တစ်မြို့ဖြစ်ခဲ့ပြီး စီးပွားရေးအချက်အချာမြို့တစ်မြို့လည်း ဖြစ်တဲ့အတွက် ကိုလိုနီအဆောက်ဦးများစွာကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ဝန်ကြီးများရုံး၊ မြို့တော်ခန်းမ၊ ဗိုလ်ချုပ်စျေး၊ Strand ဟိုတယ် စတာတွေဟာ ရန်ကုန်မြို့ရဲ့ အထင်ကရ ကိုလိုနီအဆောက်အဦကြီးများ ဖြစ်ပါတယ်။ ကိုလိုနီခေတ် အဆောက်အဦများဟာ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်သာမက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါတဲ့နေရာက တည်ရှိနေတာဖြစ်ပါတယ်။ ဒီလက်ရာလေးမှာတော့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းကို တစ်နည်းတစ်ဖုံထင်ဟပ်နေတဲ့ ရန်ကုန်မြို့ရဲ့ ကိုလိုနီအဆောက်အဦးပေါင်းများစွာကို တစ်စုတစ်စည်းတည်း မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ 

စျေးနှုန်းတွက်ချက်မှု

စုစုပေါင်း : Ks 50,000.00

စုစုပေါင်းခန့်မှန်းခြေ : Ks 50,000.00