ကိန္နရီ ကိန္နရာလို့ ကြားလိုက်ရင် သူတို့ရဲ့  ပြင်းပြလှတဲ့ ချစ်ခြင်းအကြောင်းကို အလိုလိုတွေးမိကြမှာပါ။ တချို့ရာဇဝင်များအရဆို သူတို့ကွဲကွာကြတဲ့အခါ ငိုကြတာကြောင့် သံလွင်မြစ်ကြီးစတင်ဖြစ်ပေါ်လာတယ်လို့တောင် ဖော်ကျူးကြပါတယ်။ ကိန္နရီ ကိန္နရာတို့ရဲ့ သက်တမ်းဟာ နှစ်ပေါင်းထောင်ချီတယ်ဆိုတဲ့ ယုံကြည်မှုကိုထောက်ရင် ဒီလိုဖော်ကျူးတာဟာလည်း သူ့နည်းသူ့ဟန်နဲ့ သဘာ၀ကျသလိုပါပဲ။  ရိုးရာသီချင်းစာသားများမှာတော့ ကိန္နရီ ကိန္နရာမောင်နှံရဲ့ အချစ်ကို အမျိုးမျိုးဖွဲ့ဆိုခဲ့ကြတာ ကြားရမှာဖြစ်ပါတယ်။ တကယ်တော့ ကိန္နရီ ကိန္နရာကို ငှက်ကောင်းငှက်မြတ်မျိုးလို့ မြန်မာတို့ယုံကြည်ကြပါတယ်။ ကိန္နရီ ကိန္နရာအကနဲ့ ကပြအသုံးတော်ခံရင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ရွှေငွေရတနာ၊ စည်းစိမ်းဥစ္စာတွေ တိုးပွားနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ ဒါကြောင့်ပဲ အိုးစည်တီးသံများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကိန္နရီ ကိန္နရာအကကို ပျော်ရွှင်မြူးကြွစွာ ဖျော်ဖြေတင်ဆက်ကြပါတယ်။ ကိန္နရာတို့ရဲ့ လှပနွှဲ့နှောင်းတဲ့ ကိုယ်ခန္ဓာနဲ့အတူ အမြီးဖျားနဲ့အတောင်ပံကို ဖြန့်ရင်း၊ စုရင်း၊ စောင်းငဲ့ရင်း ကပြမှုဟာ မြန်မာပရိသတ်များနှစ်ခြိုက်စွဲလမ်းကြတဲ့ ရိုးရာအကပညာရပ်ဖြစ်ပါတယ်။ ဒီလက်ရာမှာတော့ ပန်းချီကောင်းမင်းဝေက ကိန္နရီ ကိန္နရာချစ်ပုံပြင်ကို သူ့ရဲ့ ပန်းချီစုတ်ချက်တွေသုံးပြီး အကောင်းဆုံးပုံဖော်ထားပါတယ်။ 

စျေးနှုန်းတွက်ချက်မှု

Silk Crepe Satin
Light Green (FX - 102319)
Mural (FX - 102219)
Light Green (FX - 102319)
စုစုပေါင်း : Ks35,000.00

စုစုပေါင်းခန့်မှန်းခြေ : Ks35,000.00